Posts

Showing posts from August, 2019

သတိရခြင်း ခလုတ်

https//thanhtikeaung;personalblogspot.com မေစနိုးဝှိုက် မင်းနာမည် တလုံး ကြားမိတဲ့အခါ သတိရခြင်းမှာ ခလုတ်ရှိနေသလိုမျိုး အတိတ်ဆိုတဲ့ အတွေးဟာ မင်းဆီပဲ ပြန်ပြန်ရောက်နေတယ် အရင်က ဆိုတာ ငါ့မှာ မင်းတစ်ယောက် မြင်ခဲ့ဖူးသလိုလို အဲ့အတွေးမှာ ထွက်ခွာသွားတဲ့မင်းကိုလည်း ပြန်မြင်နိုင်တယ် ငါ့ကိုယ်ငါလည်း ပြန်တွေ့ရတယ် ၁၁၄၃၁ပေ ရှည်တယ် ဆိုတဲ့ တံတားကို စက္ကန့်ပိုင်းနဲ့ ပြန်လျှောက်လို့ ရောက်နိုင်ခဲ့တယ် မင်းရဲ့ နယ်မြို့လေးဆီ ငါ ပြန်ရောက်ခဲ့တယ် ၄နှစ်ဆိုတဲ့ဖြတ်သန်းမှုကို ၄စက္ကန့်နဲ့ အရောက်လှမ်းနိုင်ပါတယ် သတိရခြင်းဆိုတဲ့ အတွေးခလုတ်ဟာ မင်းနာမည်တလုံး ကြားလိုက်ရယုံပဲ အတူရှိခဲ့တဲ့ ၄ရက်ဆီကို ၄သက်လောက် ပြန်လျောက်မှ ရောက်နိုင်မလား။ သတိရခြင်းခလုတ်တခု #အမှတ်တရ Than Htike Aung-Sync